Wednesday, December 3, 2014

" ဖုန်း​ဖွင့်​ရင်​ ကြားရတဲ့ မူရင်း​အသံ​လေးကို စိတ်​ကြိုက်​ ​ပြောင်းကြည့်​ရ​အောင်​ "

ဘာမှမခက်​ပါဘူးဗျာ ကျွန်​​တော်​လဲ ကလိရင်းနဲ့တတ်​သွားတာပါ တစ်​ဆင့်​ချင်းစီ ရှင်းပြ​ပေးပါမယ်
ပထမဦးဆုံး ဖုန်းထဲမှာ Root explorer application ရှိရပါမယ်​ မရှိရင်​​တော့ ဒီမှာ အရင်​ယူလိုက်​ပါ

-ရပြီဆိုရင်​ install လုပ်​၊
-ပြီးရင်​  Root Explorer ကိုဖွင့်  
-system  ဆိုတဲ့ floder ကို​တွေ့​အောင်​ရှာပြီး ဝင်​လိုက်​ပါ
-​နောက်​ထပ်​ media ဆိုတဲ့ floder ကိုရှာပြီး ဝင်​ပါ
- bootaudio.mp3 ဆိုပြီး ​တွေ့ပါလိမ့်​မယ်​ ​တွေ့ရင်​ မူရင်း ဖိုင်​​ပျောက်​သွားမှာစိုးလို့ copy လုပ်​ထားလိုက်​ပါ၊ ကိုယ်​အဆင်​​ပြေတဲ့​နေ၇ာမှာ (sdcard ဆိုပို​ကောင်းပါတယ်​ ) သိမ်းထားလိုက်​ပါ

( root explorer ထဲမှာ copy၊paste လုပ်​ဖို့ နည်းနည်း ခဲယဉ်း​နေသူများအတွက်​-----
အရင်​ဆုံး bootaudio.mp3 ကိုနည်းနည်းကြာ​အောင်​ဖိနှိပ်​ထားပါ ၊ box တခု ​ပေါ်လာပါလိမ့်​မယ်​ ၊ copy ကို​ရွေးပါ ၊ ပြီးရင်​ (..)ဒီလို သ​င်္ကေတရှိတဲ့ floder ကိုနှိပ်​ပါ ဒါမှမဟုတ်​ ဖုန်း screen ရဲ့ညာဘက်​ခြမ်းမှာ root ​ခေါင်းစဉ်​ တခုရှိပါတယ်​  ၊ ဘယ်​လိုပဲဖြစ်​ဖြစ်​ sdcard ဆိုတဲ့ floder ကို​တွေ့​အောင်​ရှာပြီး ကိုယ်​မှတ်​မိလွယ်​မယ့်​ ​နေရာမှာ paste ထားလိုက်​ပါ။)
.......ကွင်းစကွင်းပိတ်​ အတွင်းက စာသားများမှာ ဖုန်းကို အ​ခြေခံ​လောက်​ဘဲသိသူများအတွက်​သာ ဖြစ်​ပါသည်​၊ သိပြီးသူများ ​ကျော်​သွား​ပေးကြပါ ၊ လူတိုင်းလုပ်​တတ်​သွား​စေရန်​အတွက်​ ရည်​ရွယ်​မိလို့ပါ..........

ပြန်​ဆက်​ပါမယ်
-ကိုယ်​ကြားချင်​​သော အသံဖိုင်​ကို bootaudio လို့နမည်​​ပေးလိုက်​ပါ ဖိုင်​က mp3 ဖိုင်​ဖြစ်​ရပါမယ် ၊ဖိုင်​ကသိပ်​ရှည်​၍ မရပါ ဖုန်း ringtone အ​နေအထားသာဖြစ်​ရပါမည်
-ပြီးရင်​ ခုနက မူရင်းဖိုင်​ရှိတဲ့ ​နေရာမှာ copy paste ဖြင့်​သွားထားလိုက်​ပါ ​ပေါ်လာသမျှ OK ​(or) Yes ​ပေးလိုက်​ပါ -ဒါဆိုရင်​​တော့ ပြီးပါပြီ ခင်​ဗျာ ၊ဖုန်းကို restat ချပြီးရင်​​တော့ ဖုန်းပြန်​ပွင့်​လာရင် ​ကိုယ်​ ကြားချင်​တဲ့အသံ​လေးနဲ့ ဖုန်း​လေးပွင့်​လာပါလိမ့်​မယ်

(လုပ်ကြည့်​လို့ အဆင်​မ​ပြေရင်​ ​မေးမြန်းနိုင်​ပါတယ်​ ကျွန်​​တော်​လဲ တတ်​သ​လောက်​ မှတ်​သ​လောက်​​လေး လုပ်​ကြည့်​ထားတာပါ )
.................................................

No comments:

Post a Comment

MPT ​ဆွေသဟာ

"MPT ရဲ့ ဆွေသဟာ ကိုပြန်ဖြုတ်သည့်အခါမှာ internet ပျောက်သွားသည့် သူများအတွက် ဖြေရှင်းနည်း"